Root Password Recovery(Redhat Distro)

Linux Operating System တစ်ခုမှာ root Password ဟာအရေးကြီးပါတယ်နော်။ဒါကြောင့် root password မေ့သွားရင်ဘယ်လို recovery ပြန်လုပ်မလဲဆိုတာကိုပြောပြပေးပါမယ်။Password ကလုံးဝဝင်လို့မရတော့တဲ့အခြေအနေမျိုးမှာ System ကို reboot ချပါ။ ပြန်တက်လာလို့ Boot Menu ပေါ်လာရင် keyboard ပေါ်က e ကိုနှိပ်ပါ။ ro rd.lvm.lv ဆိုသည့်နေရာမှာ ro ကိုဖျက်ပြီးတော့ " rw init=/sysroot/bin/sh” ဟုရိုက်ပါ။ အဲ့ဒါဆိုရင် sh Shell ထဲရောက်သွားပါလိမ့်မည်။ Sh Shell ထဲရောက်ပီဆိုရင် "chroot /sysroot” ဟုရိုက်ပါ။ ပြီးရင်တော့ passwordချိန်းမည့် Command “passwd root” ဟုရိုက်ပါ။ဒါဆိုရင် password new သတ်မှတ်ပေးပီးပြီဖြစ်ပါသည်။ပြီးသွားရင်တော့ touch /.autorelabel ဆိုပြီးရိုက်ပါ။ exit command ရိုက်ပြီးထွက်ပါ။ပြီးရင်တော့ reboot ဆိုသည့် Command ရိုက်ပါ။ OS ပြန်တက်လာရင် New Passwordနဲ့ဝင်လို့ရပီပဲဖြစ်ပါသည်။

Last updated